Friday, November 13, 2015

ပြည်ထောင်စုလွှတ်တော်တွင် ၃၂၉ နေရာရလျှင် လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်မည်ြ


ပြည်ထောင်စုလွှတ်တော်တွင် ၃၂၉ နေရာရလျှင် လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်မည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင်ရွေးကောက်ပွဲရလဒ်နှင့် ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ၏ နိုဝင်ဘာ ၁၀ ရက် တရားဝင်ထုတ်ပြန်ချက် များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၄၈ နေရာ အထိ အနိုင်ရခဲ့ သည်။
...
ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၏ အတည်ပြုထုတ်ပြန် ချက်များကို 7Day Daily က လိုက်လံသတင်းရယူစာရင်းပြုစုရာတွင်ဒီချုပ်သည် ပြည်သူ့လွှတ်တော်အတွက် ၁၁၁ နေရာနှင့် အမျိုးသား လွှတ်တော်အတွက် ၃၇ နေရာ အနိုင်ရရှိထားရာ စုစုပေါင်း ၁၄၈ နေရာ အနိုင်ရရှိထားသည်။

ဒီချုပ်သည် ပြည်သူ့လွှတ်တော်အတွက် ၇၈ နေရာနှင့် အမျိုးသားလွှတ်တော်အတွက် ၂၉ နေရာ အနိုင်ရရှိထားရာ စုစုပေါင်း ၁၀၇ နေရာအထိ အနိုင်ရထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်သည်။
ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော်အတွက် ခြောက်နေရာ နှင့် အမျိုးသားလွှတ်တော်အတွက် နှစ်နေရာဖြင့် ရှစ်နေရာသာ အနိုင်ရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ခိုင်ဖြိုးပါတီသည် ဒီချုပ်မပါဝင်သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စုစုပေါင်း ၃၈၈ နေရာ အထိ အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ တရားဝင်ထုတ်ပြန်သော ရွေးကောက်ပွဲရလဒ်များအရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၈၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၁၂ ဦး စုစုပေါင်း လွှတ်တော်သုံးရပ် အတွက် ကိုယ်စားလှယ် ၃၃၃ ဦး ရွေးချယ်တင်မြှောက်ခံရပြီးဖြစ် သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ရွေးကောက်ပွဲ ရလဒ်များကို တစ်နေ့ခြောက်ကြိမ်နှုန်းဖြင့် ကြေညာလျက်ရှိရာ နှစ်ပတ် အတွင်း အပြီးသတ်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

7Day Daily


Like Post : image image image image

No comments:

Post a Comment