Wednesday, November 25, 2015

9/11တိုက်ခိုက်မှု များ နောက်ကွယ် က အဓိက အင်အားစု မှာ အစ္စရေးဟု အမေရိကန် ပညာရှင် တစ်ယောက် ပြော



ဇီယွန်နစ် များမှာ ၉-၁၁ တိုက်ခိုက်မှု များနောက်ကွယ် မှ အဓိက အင်အားစုဖြစ် ရုံသာမက တာဝါညီနောင် မီးလောင်မှု ကို အောင်ပွဲခံသူများမှာ အာရပ် မွတ်စလင်များ မဟုတ်ဘဲ မော့ဆတ် (Mossad) အတွက် အလုပ် လုပ်ပေးနေ သည့် အစ္စရေး သူလျှိုမသာဖြစ်သည် ဟု အမေရိကန် ပညာရှင်နှင့် ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ၀စ်ကွန်ဆင်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးဗဟို ဌာန ပြိုကျသွားသည့်အခါ ဒါဇင်ပေါင်းများစွာသော အာရပ်မွတ်စလင် များက ပျော်ရွှင်အောင်ပွဲခံခဲ့ကြ သည်ဟူသော ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ် ထရန့်၏ ပြောဆိုချက်မှာ အထောက်အထား မခိုင် လုံ ကြောင်း အမေရိကန်တွင် အခြေစိုက်သည့် နိုင်ငံတကာ ဂျူးအဖွဲ့တစ်ဖွဲ့က ငြင်းပယ်ပြီး နောက်တစ်ရက်ဖြစ်သည့် တနင်္လာနေ့တွင် ၉-၁၁ စုံစမ်းရေး သိပ္ပံအဖွဲ့၏ တည် ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက်တာ ကီဗင် ဘားရတ်က ပရပ်စ်တီဗီနှင့် တွေ့ဆုံရာတွင် ယခုကဲ့သို့ မှတ်ချက်စကား ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ထရန့်က အေဘီစီနှင့် တွေ့ဆုံရာတွင် နယူးဂျာစီမှ လူထုများမှာ တာဝါညီနောင်ပြိုကျမှုကို စောင့်ကြည့် နေခဲ့ကြရာ ပြိုကျလျင်ပြိုကျ ချင်း အော်ဟစ်ပျော်ရွှင်နေသူ များမှာ အာရပ်လူထုများ ဖြစ်သည်ဟု ပြောဆိုပြီးနောက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ သည့် ကြေညာချက် တစ်ခုတွင် အသေရေဖျက်မှုဆန့်ကျင်ရေးအဖွဲ့ချုပ် (Anti-Defamation League-ADL) က ကာလ ကြာမြင့်စွာကတည်းက ဖွင့်ချပြီးသား ၉-၁၁ လုပ်ကြံ ဇာတ်လမ်းကို ဒေါ်နယ်ထရန့်က အသွင်သစ်ဖြင့် ပြောင်းလဲသွားစေသည်မှာ ၀မ်းနည်းဖွယ်ကောင်းသည် ဟု ပြောကြားခဲ့သည်။

ထရန့်၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိဘဲ၊ အချက် အလက်မခိုင်မာသည့် တာဝန်မဲ့ပြောဆိုမှုသာ ဖြစ် သည်ဟုလည်း ADLက ကြေညာချက် တွင် ပြော ကြားခဲ့သည်။ ‘ဒီပြောဆိုချက်ဟာ တာဝန်ညီနောင် ပြိုကျသွားတော့ အစ္စရေးအုပ်စု တစ်စုဟာ အောင်ပွဲ ခံနေခဲ့ကြတယ်ဟူသည့် ဂျူးဆန့်ကျင်ရေးဒဏ္ဍာရီနဲ့ ကွဲလွဲနေတယ်’ဟု ကြေညာချက်တွင် ပြောကြားထား သည်။

ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန ပျက်စီးသွားတော့ အာရပ် တွေ အောင်ပွဲခံကြတယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုချက်ဟာ အချက်အလက် မခိုင်မာဘူးဆိုတာ အမှန်ပဲဟု ဒေါက်တာ ဘားရက်က ပရပ်စ်တီဗီအားပြောကြားခဲ့သည်။

‘ဒါပေမယ့် တကယ့်အမှန်က ၉-၁၁တိုက်ခိုက်မှုတွေကို အောင်ပွဲခံနေတာ မိသွားလို အဖမ်းခံခဲ့ရသူတွေ ဟာ ထောက်လှမ်းရေးအေဂျင်စီ မော့ဆတ်အတွက် အလုပ်လုပ် ပေးနေတဲ့ အစ္စရေးသူလျှိုတွေဟာ ဖြစ်ပါတယ်’ဟု လည်း ၄င်းက ထပ်လောင်းပြော ကြားခဲ့သည်။

‘သူတို့ဟာ ပထမလေယာဉ်က ၀င်မတိုက်မီမှာ ကမ္ဘာ့ ကုန်သွယ်ရေး ဗဟိုဌာနအဆောက်အအုံကို ဓာတ်ပုံရိုက်ဖို့ ပြင်ထားကြတယ်။ မီးတောက်မီးလျှံတွေနဲ့ တာဝါညီနောင် ပေါက်ကွဲသွားတဲ့အခါမှာ အရူးအမူး အောင်ပွဲခံခဲ့ကြတယ်။ လောင်ကျွမ်းပေါက်ကွဲနေတဲ့ အဆောက်အအုံတွေရှေ့မှာ သူတို့ကိုယ်သူတို့ အေးအေးလူလူ ဆေးလိပ်မီးညှိနေတဲ့ ဓာတ်ပုံတွေ ရိုက်ယူခဲ့ကြတယ်’ဟု ဒေါက်တာ ဘားရက်က ပြောကြားခဲ့သည်။

‘အဲဒီနောက် သူတို့ကို ဖမ်းခဲ့တယ်။ သူတို့ကို ရက် ၄၀ လောက် ထိန်းသိမ်းထားခဲ့တယ်။ မုသားဖော်စက်နဲ့ စမ်းသပ်ရာမှာလည်း သူတို့ ရှုံးနိမ့်ခဲ့တယ်။ အဲဒီနောက် သူတို့ အစ္စရေးကို ပြန်သွားကြတယ်။ သူတို့ဟာ ရုပ်သံ တွေပေါ် တက်လာပြီး အဖြစ်အပျက်ကို မှတ်တမ်းတင်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာနကို ရောက်နေခဲ့ကြတယ်လို့ ၀န်ခံခဲ့ကြတယ်’ဟုလည်း ဒေါက်တာ ဘားရက်က ပြော ကြားခဲ့သည်။
‘ဆိုလိုတာက အစ္စရေးအစိုးရအတွက် အလုပ်လုပ် ပေးနေသူတွေဟာ ဒီဖြစ်ရပ်ကြီးမှာ ကြံရာပါတွေ ဖြစ်နေတယ်ဆိုတာပါပဲ။ ADLက ဒါကို သိပုံမရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာရပ်တွေကို အပြစ်တင်တဲ့ ထရန့်ရဲ့ မှတ်ချက်ဟာ ၉-၁၁တိုက်ခိုက်မှု အောင်မြင်သွား လို့ အစ္စရေးတွေ ကခုန်နေကြတယ်ဆိုတဲ့ သူတို့အခေါ် ဒဏ္ဍာရီနဲ့ ရောထွေးသွားပြီး ထရန့်ကို ဝေဖန်တာပါ။ ဒါပေမယ့် အဲဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး’’ဟုလည်း ဒေါက်တာဘားရက်က ပြောကြားသည်။

By – Mizzima News
image image image image

လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေေ၀နု By သူဇာ



မဝေေ၀နု (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် မိခင်ဖခင် အပါအ၀င် မိသားစုဝင်များကို လူမျိုးရေး ခွဲခြား ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ကိုယ်တိုင်ပါဝင်ခံစားခဲ့ရပြီး ထိုအပြုအမူများက သူမကို ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်ဟု မဝေေ၀နုက ပြောသည်။

ဖိနှိပ်မှုတခုကို ထပ်မံပြီး ပြောရမည်ဆိုပါက အလုပ်သမား အခွင့်အရေးများကို တစိုက်မတ်မတ် အားပေးကူညီနေသည့် ဖခင်ရှေ့နေ ဦးကျော်မင်းကို နိုင်ငံသား မှတ်ပုံတင်ကတ် တရားမ၀င် ပြုလုပ်သည်ဆိုကာ ဖခင်ကြီးဦးကျော်မင်း အပါအ၀င် တမိသားစုလုံး ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ရသည်။

ဖခင်နှင့်အတူ သူမအပါအ၀င် မိသားစုတစုလုံးကို ဆယ်စုနှစ် နှစ်ခုနီးပါးခန့်် ထောင်ထဲပို့ခံခဲ့ရသည့် အချက်က သူမ ထောင်က ပြန်ထွက်လာစဉ်နောက်ပိုင်း လူနည်းစု လှုပ်ရှားမှုများကို တစိုက်မတ်မတ် ဆောင်ရွက်လာစေသည့် တွန်းအား တရပ် ဖြစ်ခဲ့သည်ဟု လူနည်းစု အခွင့်အရေး၊ ကျား- မ အခွင့်အရေးများကို လှုပ်ရှားဆောင်ရွက်နေသည့် အသက် ၂၈ နှစ်အရွယ် မဝေေ၀နုက ဆိုသည်။

“ကျမကို ရခိုင်ပြည်နယ်မှာ မွေးတယ်။ အရေးကြီးဆုံး တခုက မြန်မာနိုင်ငံမှာ လူဖြစ်နေပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ကိုယ်တိုင်လည်း ကြုံတွေနေရတယ်။ ကိုယ့်လူ့အဖွဲ့အစည်း အပေါ်မှာ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေဟာ မှားယွင်းနေပါလားဆိုတဲ့ အသိ၊ ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့ အသိကြောင့် ဒါတွေကို လုပ်ဆောင်ဖို့ တွန်းအား ဖြစ်စေခဲ့တာပါ” ဟု မဝေေ၀နုက ဆိုသည်။

မဝေေ၀နု၏ဖခင် ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ် ၀င်ပြိုင်ခဲ့သူ ဖြစ်သည်။ ထို့နောက် ၁၉၉၈ ခုနှစ်တွင် CRPP ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ဖြစ်လာခဲ့သည်။

ယင်းနောက် အလုပ်သမား အခွင့်အရေးများကို ရှေ့နေတဦးအဖြစ် လိုက်ပါ ဆောင်ရွက်ရင်း၂၀၀၅ ခုနှစ်တွင် ဦးကျော်မင်းအပါအ၀င် မိသားစုဝင်ငါးဦးကို ဖမ်းဆီးခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးရာ မှတ်ပုံတင်ပြုလုပ်ရာတွင် မမှန်မကန်ဖေါ်ပြမှုနှင့် တရားစွဲဆိုပြီး ဦးကျော်မင်းကို ထောင်ဒဏ် ၄၇ နှစ်၊ ကျန်မိသားစုဝင် လေးဦးကို ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခြင်း ခံခဲ့ရသည်။

ဦးကျော်မင်း၏ သမီးငယ်ဖြစ်သူ မဝေေ၀နုသည်လည်း ဖခင်ဖြစ်သူအမှုတွင် အပေါင်းပါတဦးအဖြစ် ဖမ်းဆီးထိန်းသိမ်း ထောင်ချခြင်းခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

မဝေေ၀နု အင်းစိန်အကျဉ်းထောင်သို့ စတင်ရောက်စဉ်က အသက် ၁၈ နှစ်သာရှိသေးပြီး ထောင်ထဲတွင် ၇ နှစ် နေခဲ့ရပြီး နောက် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အစရှိသည့် နိုင်ငံရေးသမားများ လွှတ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူ အင်းစိန်ထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

မဝေေ၀နု၏ ငယ်ဘ၀တလျှောက်လုံးသည် နိုင်ငံရေး အသိုင်းအ၀န်းနှင့် အမြဲမပြတ်ထိတွေ့ခဲ့ရပြီး ကြီးပြင်းခဲ့ရသူတဦး ဖြစ်တာကြောင့် နိုင်ငံအတွင်း ဖြစ်ပျက်ပြောင်းလဲနေခဲ့သည့် လူ့အဖွဲ့အစည်း၏ တိုးတက်ပြောင်းလဲရန် လိုအပ်ချက်များကို သိရှိစေခဲ့သည်ဟု ဆိုရမည်။

ရခိုင်ပြည်နယ်တွင် ၁၉၉၁ – ၁၉၉၄ ခုနှစ်အထိ နေထိုင်ခဲ့သော်လည်း သူမသည် လူနည်းစုအသိုင်းအ၀ိုင်းမှ ဖြစ်၍ သူ၏ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံ ခံခဲ့ရခြင်း မရှိခဲ့သလို ရန်ကုန်ရောက်ပြီးနောက် သူမကျောင်းတက်နေစဉ် တလျှောက်လုံး ခွဲခြားဆက်ဆံခံခဲ့ရခြင်း မရှိခဲ့ကြောင်း မဝေေ၀နုက ပြန်ပြောပြသည်။

“ ကျမငယ်ငယ်ကတည်းက ကျမကို ဘာလူမျိုးလဲမေးရင် ရိုဟင်ဂျာလူမျိုး(အစိုးရက တရားဝင် အသိအမှတ် ပြုထားခြင်း မရှိပါ) ဆိုတာ ထည့်ထည့်ပြောလေ့ ရှိတယ်။ ကျမ ရိုဟင်ဂျာလူမျိုးလို့ ကိုယ့်ကိုယ်ကိုယ် ပြောရမှာကို ငယ်ငယ်ကတည်းက မကြောက်ခဲ့ဘူး။ ဒါကြောင့် ခွဲခြားခံခဲ့ရတယ်လို့ မဆိုနိုင်ပေမယ့် ကျမတို့မိသားစုလုံး ထောင်ကျရတာက ဒီရိုဟင်ဂျာဖြစ်လို့ ဒီလောက်နှစ်တွေအများကြီးနဲ့ ကျမတို့ပါအားလုံး ထောင်ကျခဲ့တာလို့ ကျမထင်တယ် ” ဟု မဝေေ၀နုက ဆိုသည်။

အကျဉ်းထောင်က ထွက်လာပြီးနောက်ပိုင်း မဝေေ၀နုသည် လူ့အခွင့်အရေး လှုပ်ရှားမှုများကို စိတ်ရော၊ကိုယ်ပါ နစ်မြုပ်လုပ်ကိုင်ခဲ့သည်။ ထိုသို့အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာ၊ အောက်တို ဘာလများတွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။ ထိုပဋိပက္ခများကြောင့် လူနည်းစု အခွင့်အရေး လှုပ်ရှားမှု လုပ်ဆောင်ချက်များသည် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်ဟု မဝေေ၀နုက ပြောသည်။

အကျဉ်းထောင်ထဲတွင် သူမနှင့်အတူ ဖြတ်သန်းခဲ့ရသည့် အမျိုးသမီး အကျဉ်းသားများဘ၀ လူ့အခွင့်အရေး ချိုးဖောက်ခံ နေရသည့် အခြေအနေများကို သိရှိခဲ့ရသည့် အတွက်ကြောင့် လူ့အခွင့်အရေး လှုပ်ရှားမှု၊ ကျား- မ တန်းတူ ညီမျှရေး လှုပ်ရှားမှုများကို ပိုပြီးလုပ်ကိုင်ဆောင်ရွက်။



  image


 image image image image

Friday, November 13, 2015

ပြည်ထောင်စုလွှတ်တော်တွင် ၃၂၉ နေရာရလျှင် လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်မည်ြ


ပြည်ထောင်စုလွှတ်တော်တွင် ၃၂၉ နေရာရလျှင် လွတ်လွတ်ကျွတ်ကျွတ်အစိုးရဖွဲ့နိုင်မည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ တရားဝင်ရွေးကောက်ပွဲရလဒ်နှင့် ခရိုင်နှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲများ၏ နိုဝင်ဘာ ၁၀ ရက် တရားဝင်ထုတ်ပြန်ချက် များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၄၈ နေရာ အထိ အနိုင်ရခဲ့ သည်။
...
ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၏ အတည်ပြုထုတ်ပြန် ချက်များကို 7Day Daily က လိုက်လံသတင်းရယူစာရင်းပြုစုရာတွင်ဒီချုပ်သည် ပြည်သူ့လွှတ်တော်အတွက် ၁၁၁ နေရာနှင့် အမျိုးသား လွှတ်တော်အတွက် ၃၇ နေရာ အနိုင်ရရှိထားရာ စုစုပေါင်း ၁၄၈ နေရာ အနိုင်ရရှိထားသည်။

ဒီချုပ်သည် ပြည်သူ့လွှတ်တော်အတွက် ၇၈ နေရာနှင့် အမျိုးသားလွှတ်တော်အတွက် ၂၉ နေရာ အနိုင်ရရှိထားရာ စုစုပေါင်း ၁၀၇ နေရာအထိ အနိုင်ရထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ထုတ်ပြန်သည်။
ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့လွှတ်တော်အတွက် ခြောက်နေရာ နှင့် အမျိုးသားလွှတ်တော်အတွက် နှစ်နေရာဖြင့် ရှစ်နေရာသာ အနိုင်ရရှိထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ခိုင်ဖြိုးပါတီသည် ဒီချုပ်မပါဝင်သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် စုစုပေါင်း ၃၈၈ နေရာ အထိ အနိုင်ရရှိခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ တရားဝင်ထုတ်ပြန်သော ရွေးကောက်ပွဲရလဒ်များအရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၈၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၃ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၁၂ ဦး စုစုပေါင်း လွှတ်တော်သုံးရပ် အတွက် ကိုယ်စားလှယ် ၃၃၃ ဦး ရွေးချယ်တင်မြှောက်ခံရပြီးဖြစ် သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ရွေးကောက်ပွဲ ရလဒ်များကို တစ်နေ့ခြောက်ကြိမ်နှုန်းဖြင့် ကြေညာလျက်ရှိရာ နှစ်ပတ် အတွင်း အပြီးသတ်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

7Day Daily


Like Post : image image image image

Wednesday, November 11, 2015

မအံ့သြနဲ့ကိုယ့်လူ ဒေါ်အောင်ဆန်းစုကြည်ဆိုတာမင်းသွားချင်တဲ့နိုင်ငံသွားသူတို့နိုင်ငံကဘယ်နိုင်ငံသားလဲမေးရင်ဒေါ်အောင်ဆန်းစုကြည်တစ်လုံးပဲဖြေလုံလောက်ပြီ


မအံ့သြနဲ့ကိုယ့်လူ
ကမ္ဘ္ဘ္ဘာကအသိအမှတ်ပြုထားတဲ့ခေါင်းဆောင်တစ်ယောက်ဆိုတာဖားယားလို့ရထားတာမဟုတ်ဘူးဆိုတာကမ္ဘာ့ပဝန်းကျင်အသိုင်းအဝိုင်းကသိနေလို့

မအံ့သြနဲ့ကိုယ့်လူ
ပြည်ပမှာကြီးပြီး တိုင်းတစ်ပါးသားနဲ့အိမ်ထောင်ကျခဲ့ပေမဲ့မြန်မာဗုဒ္ဓဘာသာအမျိုးသမီးပီပီ သူမရဲ့အိမ်ထောင်ဘက်ကလဲဗုဒ္ဓဘာသာဝင်ဆိုတာထက် ဘာသာတရားကိုအတွင်းကျကျလေ့လာလိုက်စားပြီးပါဠိဘာသာကိုကျမ်းတွေပြုစုလောက်တဲ့ထိတစ်ဖက်ကမ်းခတ်ခဲ့တယ်ဆိုတာငြင်းမရတဲ့သမိုင်းမို့
မအံ့သြနဲ့ကိုယ့်လူ

ဒေါ်အောင်ဆန်းစုကြည်သာမန် လွှတ်တော်အမတ် အဆင့်က
လုပ်ပြသွားတဲ့နီးစပ်ရာ လုပ်ချက်ကလေးတွေပါ။



(၁) နှစ် နှစ်ဆယ်လုံးလုံး အလုပ်သမား ၀န်ကြီး
မလုပ်နိုင်တဲ့ ထိုင်းခရီးစဉ်မှာ ယင်လတ်နဲ့
ထိုင်းအလုပ်သမားဝန်ကြီးနဲ့တွေ့ပြီး
မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်းနဲ့
ချီသောသူတွေရဲ့ အခက်အခဲကို အဆင်ပြေစေတဲ့
ယာယီ အလုပ်သမားကတ်နဲ့နိုင်ငံကူးလက်မှတ်
တွေထုတ်ပေးလာနိုင်တယ်။

(၂) နှစ်နှစ်ဆယ် လုံးလုံး ကျန်းမာရေးဝန်ကြီးတွေ
မလုပ်နိုင်ခဲ့တဲ့တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေး
ဘတ်ဂျက်ကို တိုးပေးဖို့လွှတ်တော်မှာ
ဆွေးနွေးခဲ့ပြီး ရန်ကုန်အထွေထွေရောဂါကု
ဆေးရုံကြီးကို အဆင့်မီဆေးရုံအဖြစ် အသစ်ဆောက်လုပ်ပြီး အဆင့်မြှင့်ဖို့စီမံကိန်းတွေ
အကောင်အထည်ဖော်လာသလို ဂျာမနီနဲ့
ဂျပန်တို့ရဲ့ နည်းပညာနဲ့ ငွေကြေးအထောက်အပံ့
ရရှိခဲ့တယ်။

(၃) နှစ် နှစ်ဆယ်လုံးလုံး ဘယ်ပညာရေးဝန်ကြီးမှာ မလုပ်နိုင်ခဲ့တဲ့ပညာရေး ဘတ်ဂျက်ကို နှစ်ဆတိုးဖို့
အဆို တင်သွင်းခဲ့လို့ ကျောင်းတွေမှာ
ပညာရေးဘတ်ဂျက်အသုံးစရိတ်
နှစ်ဆရလာတဲ့အပြင် ရန်ကုန် မန္တလေး အဆင့်မြင့်
တက္ကသိုလ်တွေအဖြစ့် အရင်က ပိတ်ထားခဲ့တဲ့
တက္ကသိုလ်တွေမှ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့
ပူးပေါင်းဆောင်ရွက်ပြီး ပညာရေး အဆင့်မြင့်ဖို့
စီမံကိန်းတွေအကောင်အထည်ဖော်လာတယ်။

(၄) နှစ်နှစ်ဆယ်လုံးလုံး သတ္တုတွင်း ၀န်ကြီး နဲ့
အမျိုးသား စီမံကိန်း ၀န်ကြီးတွေ မလုပ်နိုင်ခဲ့တဲ့
လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်ဥက္ကဌ
အဖြစ် အရင်က မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ ၁၅
ရာခိုင်နှုန်းပဲ ရခဲ့တဲ့ အချိုးအစားကို ၆၀ရာနှုန်းအဖြစ် အကျိုးအမြတ် ရအောင် ဖန်တီးပေးနိုင်ခဲ့သလို
ယခင်က နစ်နာခဲ့တဲ့ ပြည်သူတွေ အနေနဲ့လည်း
လျော်ကြေးတွေ ပြန်လည်ရရှိခဲတယ်။
အကျိုးဆက်အဖြစ် တရုတ်က ရပ်တန့်ထားတဲ့
စီမံကိန်းတွေကို ပြန်လည်လုပ်ကိုင်ဖို့ကြိုးစားရင်
ဒေါ်စုနဲ့ နဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာ သဘော
ပေါက်လာတယ်။

(၅) နှစ်ငါးဆယ်လုံးလုံး ဘယ်နိုင်ငံ့ခေါင်းဆောင် မှ
မလုပ်နိုင်ခဲ့တဲ့ မိမိအစိုးရစရိတ်မပါပဲ
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့အထူး
ဧည့်သည်တော်အဖြစ် ဖိတ်ကြားချက်နဲ့ နိုင်ငံရေး
စီးပွားရေး ကြွေးမြီကိစ္စတွေ ဥပဒေရေးရာ
နိုင်ငံရေးရာတွေကို ကမ္ဘာ့ပညာရှင်တွေနဲ့
ဆွေးနွေးဟောပြောခြင်း နိုင်ငံအတွက်
ကဏ္ဍစုံကိုအခွင့်အလမ်းပွင့်စေခြင်း
အစရှိတာတွေကို ဆောင်ရွက်ခဲ့တယ်။
လက်ရှိ သမ္မတ နဲ့ ဒေါ် စုနဲ့ကို ကမ္ဘာက
ဖိတ်ကြားတာချင်း၊ အဲဒီနိုင်ငံ ၀န်ကြီးချုပ်တွေနဲ့
တွေ့ဆုံဧည့်ခံတာချင်း၊ တိုင်းပြည်အကြောင်း
ပွင့်လင်းစွာ ဆွေးနွေးကြတာချင်း
ဘယ်သူက ပိုများသလဲ ...။


(၆) နှစ်ပေါင်းများစွာ မည်သည့်သမ္မတကမှ
ဘာသာရေးနဲ့ပတ်သက်ပြီးပွင့်လင်းစွာ
မဖြေကြားခဲ့တဲ့မြန်မာပြည်က
လူနည်းစုအစ္စလာမ်တွေက မြန်မာပြည်က
ဗုဒ္ဓဘာသာဝင်တွေကိုစိုးရိမ်ထိတ်လန့်နေပါသလား
ဆိုတဲ့ ဘီဘီစီရဲ့ နှပ်ကြောင်းပေးမေးခွန်းကို
ကမ္ဘာ့ အစ္စလာမ် ပါဝါကိုလည်း ကမ္ဘာ့
ဗုဒ္ဓဘာသာဝင်လူနည်းစုက
စိုးရိမ် ထိတ်လန့်နေတာပါပဲ ဆိုတဲ့ အဖြေနဲ့
ချေပ ဖြေဆိုနေချိန်မှာ..

လက်ရှိ မြန်မာနိုင်ငံ အစိုးရနဲ့ သမ္မတက
ပြည်တွင်းမီဒီယာတွေနဲ့ VOA အင်တာဗျူးမှာ
ကျွန်တော်တို့ နိုင်ငံမှာ ခိုးဝင်လာသူ မရှိပါဘူး။
၁၉၈၂ ဥပဒေအရ နိုင်ငံသားပေးမယ် ဆိုတဲ့
ပြောကြားချက်တွေကို ဥပဒေကိုမလေ့လာပဲ
ပြီးစလွယ် ပေါက်ပန်းဈေး တရစပ်
ပြောဆိုနေကြပါတယ်။


မအံ့သြနဲ့အုံးကိုယ့်လူ
ဒေါ်အောင်ဆန်းစုကြည်ဆိုတာလင်တစ်ကွဲသားတစ်ကွဲနဲ့အနှစ်နှစ်ဆယ်ကျော်အကျယ်ချုပ်ဘဝနဲ့အာဏာရှင်ရဲ့ယုတ်မာမှုလက်အောက်ကခုချိန်ထိဒူးမထောက်ခဲ့တဲ့အာဂအမျိုးသမီးThe Lady

မအံ့သြနဲ့အုံးကိုယ့်လူ
မအံ့သြနဲ့အုံးသူမသမ္မတဖြစ်လာရင်အာရှရဲ့ကြယ်တစ်ပွင့်အဖြစ်မြန်မာကိုကမ္ဘ္ဘမှာတင့်အောင်ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာသိဖို့ အရေးကျုပ်တို့ပြည်သူတွေအရင်ဝန်းရံကြဖို့ခုခါသမယဟာအရေးကြီးတဲ့အခါသမယပဲဗျို့
ကိုငရဲသား၏စာသားအချို့အားcreditပေးပါသည် ။ ။

လေးစားလျှက်


LIKE POST : 



image image image image image

Monday, November 09, 2015

တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ၁၀၆ နေရာမှာတော့ NLD က ၉၆ နေရာအနိုင်ရထား (ရုပ်သံ)

ရွေးကောက်ပွဲအနိုင်ရလဒ်များအရတိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ၁၀၆ နေရာမှာတော့ NLD ပါတီက ၉၆၀ နေရာအနိုင်ရထားတာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အတွက် ၅၄ နေရာမှာတော့ NLD က ၄၉ နေရာမှာအနိုင်ရထား တာဖြစ်ကြောင်း ကော်မရှင်ကထုတ်ပြန်ထားပါတယ်။




Posted From :



Eleven News Group Media  

imageFacebook imagePinterest imageGoogle+ imageRSS imageTwitter

Friday, April 03, 2015

မြန်မာစာဖြင့် အသုံးပြုနိုင်မည့် application များကို ဦးစားပေး ရေးသားကြရန် ဒုတိယသမ္မတ တိုက်တွန်း




မြို့ပြနေပြည်သူများသာမက ကျေးလက်နေပြည်သူများပါ အိုင်စီတီကို အသုံးပြုနိုင်စေရန်အတွက်
မြန်မာစာဖြင့် ဖန်တီးထားသည့် application များကို ဦးစားပေး တီထွင်ရေး သားကြရန် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်းပြောကြားလိုက်သည်။
'' မြို့ကြီးနေ ပြည်သူများရော၊ ကျေးလက်နေပြည်သူများပါ အသုံးပြုနိုင်ဖို့အတွက် မြန်မာစာနဲ့ အသုံးပြုနိုင်တဲ့ application တွေကို ဦးစားပေး တီထွင်ရေးသားကြဖို့လည်း အလေးထား တိုက်တွန်းပြောကြားလိုပါတယ်" ဟု ယနေ့ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် Software Show Case ဖွင့်ပွဲအခမ်းအနား၌ ဒုတိယ သမ္မတက ပြောကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာစာသုံး အက်ပလီကေးရှင်းများကို ရေးသားနိုင်ရန်အတွက် မြန်မာစာစံစနစ် ပေါ်ပေါက်လာစေရေးမှာ အရေးကြီးပြီး အဆိုပါ မြန်မာစာ စံစနစ် ပေါ်ပေါက် လာစေရေး အတွက် နိုင်ငံတော်ဘက်မှ ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
'' မြန်မာစာသုံး application များ ရေးသားနိုင်ဖို့ ပြည့်စုံကောင်းမွန်တဲ့ မြန်မာစာစံစနစ် ပေါ်လာရေးအတွက် အထူးကြိုးပမ်း ဆောင်ရွက်နေကြဖို့ လိုအပ်သ လို နိုင်ငံတော် ဘက်မှာလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုများ ပေးအပ်သွားရမှာ ဖြစ်ပါတယ်" ဟု ဒုတိယသမ္မတက ဆိုသည်။
ပြီးပြည့်စုံသည့် မြန်မာစာစံစနစ် ပေါ်ပေါက်လာရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ယခုထက်မက ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် ဒုတိယသမ္မတက တိုက်တွန်းပြောဆိုထားပြီး အနာဂတ်ကာလ၌ အိုင်စီတီသည် နိုင်ငံတော်မှ အားထားရသည့် စီးပွားရေးကဏ္ဍတစ်ခု ဖြစ်လာစေရန် လူငယ်များကို ယခုမှ စတင်၍ မြေတောင်မြှောက်ပေးမှုများနှင့် ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟုလည်း ဒုတိယသမ္မတက Software Show Case ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
Software Show Case သည် နိုင်ငံတော်အဆင့် ပြည်တွင်းထုတ် နည်းပညာများကို ပြသသည့် ပထမဦးဆုံးသော နည်းပညာပြပွဲဖြစ်ပြီး အဆိုပါပြပွဲကို နေပြည်တော်၌ ၂ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါပြပွဲနှင့် ပတ်သက်၍ နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အိုင်စီတီကဏ္ဍ၏ စည်းလုံး ညီညွှတ်မှုနှင့် မြန်မာ လူငယ်များ၏ တီထွင်မှုစွမ်းရည်တို့ကို သက်သေထူသည့် ပွဲတစ်ပွဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြောင်း သိရသည်။
Internet Jornal

Tuesday, March 31, 2015

မြန်မာဘာသာဖြင့် လေ့လာလို့ရမယ့် ဝဘ်ဆိုဒ်တွေ

ကျနော်တို့အများစုအနေနဲ့ အွန်လိုင်းမှာ ရှရင် အင်္ဂလိပ်လို ရေးထားတဲ့ ဝဘ်ဆိုဒ်တွေက ခပ်များများပါ။ ယခုလို အခြေအေနမှာ ပြည်တွင်းမှာ အနေနဲ့ မြန်မာ ဘာသာ ဖြင့် ဖော်ပြပေး၊ ရေးပြပေးတဲ့ ဝဘ်ဆိုဒ်များ ပေါ်ပေါက်လာစေရန်လိုအပ်ပါတယ်။ အကယ်၍ ရှိလာရင် ရိုးရာလေးမှာ အခမဲ့ မျှဝေပေးပါ့မယ်။ ယခုတော့ ဝဘ်ဆိုဒ် ငါးခု မျှဝေ ပါရစေ။
ယင်း ဝဘ်ဆိုဒ် သုံးခုဟာ အင်္ဂလိပ်စာ ဘာသာစကားကို လေ့လာချင်သူများ အတွက် မြန်မာပြည် မှာ လောလောဆယ် မြန်မာဘာသာနဲ့ မြင်တွေ့နိုင်တဲ့ ဝဘ်ဆိုဒ်များ ဖြစ်ပါတယ်။ Myanmar Network ဟာ ဆိုရင် ဗြိတိသျှ သံရုံးမှ မြန်မာများအတွက် ပြုလုပ်ပေးထားတဲ့ Community ဆိုဒ်တစ်ခု ဖြစ်ပြီး IELTS နဲ့ အခြားသော သင်ခန်းစာများကို ရယူနိုင်ပါတယ်။ English Attack ကတော့ အွန်လိုင်း အင်္ဂလိပ်စာ လေ့လာရေး သင်တန်းတစ်ခု ဖြစ်ပြီး Moeshine ကတော့ လူငယ်ကျောင်သားတစ်ဦးမှ မိမိအတွေ့အကြုံဖြင့် ပြန်လည် တည်ထောင်ထားခြင်း ဖြစ်ပါတယ်။ သူတို့ အားလုံးမှာ ဖော်ပြတဲ့ အကြောင်း အရာများက တကယ်ကောင်းပါတယ်။
သူကတော့ Networking Engineer ဘာသာရပ်ကို လေ့လာနေသူများ အတွက် ဗီဒီယို ကျူတိုရီရယ်များ အခမဲ့ ကြည့်ရှု လိုက်လုပ်ကြည့်လို့ရမယ့် နေရာ ဖြစ်ပါတ်။ RHC Technology မှ တည်ထောင်ထားခြင်း ဖြစ်ပြီး အွန်လိုင်းကနေပဲ Networking ပညာကို အခြေခံကနေ စပြီးတော့ လွယ်တကူ လေ့လာလို့ရအောင် Channel တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
ကမ္ဘာကျော် Khan Academy မှ သင်ရိုးနဲ့ စာများကို မြန်မာလို လေ့လာနိုင်အောင် စာတမ်းထိုးထားပေးတဲ့ ဝဘ်ဆိုဒ်ဖြစ်ပါတယ်။ လောလောယ် ကတော့ သင်္ချာ၊ သမိုင်း အပြင် အခြားသော Science ဘာသာရပ်များကို လေ့လာနိုင်ပါတယ်။
လောလောဆယ်ကတော့ YouTube ပေါ်ကနေ ဗီဒီယိုတင်ပြီး စာသင်တဲ့ မြန်မာ Channel ကတော့ အဲ့ဒီ ၂ခု ပဲ ရှိပါအုံးမယ်...
ဒါကြောင့်မို့ အွန်လိုင်းကနေ အင်္ဂလိပ်စာနဲ့ Networking နည်းပညာ နဲ့ အခြား ပညာရပ်များကို မြန်မာဘာသာဖြင့် လေ့လာနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရ ပါတယ်။
Full File >>> DOWNLOAD